Sunday, September 16, 2007

အစွန့်ပစ်ခံ နှလုံးသား

မခေါ်ပဲနဲ့ မင်းလာတယ်
မနှင်ပဲနဲ့ မင်းထွက်သွားတယ်။
ကိုယ်ရင်ခွင်ကို
မင်းစိတ်ကြိုက်ကစားပြီးမှ
နူတ်မဆက်ပဲ စွန့်ပစ်ခဲ့တယ်။
မင်းသဘောကျလိုက်လျောခဲ့လဲ
မင်းစိတ်တိုင်းကျဖြစ်မလာဘူး။
မင်းအလိုမရှိလို့ ထားခဲ့ပေမယ့်
လိုအပ်လာရင် ပြန်လာနိုင်ဖို့
ရင်ခွင်တံခါး ဖွင့်ထားပါတယ်။

No comments: